မြိတ်ကျွန်းစု

Posted by: admin • August 22, 2025

Post Image
မြိတ်ကျွန်းစု (အင်္ဂလိပ်: Mergui Archipelago or Myeik Archipelago) သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပါဝင်ကာ မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိသည်။ အရွယ်အစား အမျိုးမျိုးရှိသော ကျွန်းပေါင်း ၈၀၀ ကျော်ခန့် ပါဝင်ဖွဲ့စည်းထားသည်။ မလေး ကျွန်းဆွယ်၏ အနောက်ဘက်ကမ်းခြေဖက်ရှိ ကပ္ပလီပင်လယ်တွင်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပသျှူးကျွန်းစုဟုလည်း ခေါ်ဆိုလေ့ရှိသည်။
ပထဝီဝင်

မြိတ်ကျွန်းစုရှိ ကမ်းခြေတစ်ခု
ကတန်ကျွန်းသည် မြိတ်ကျွန်းစုရှိ အကြီးဆုံးကျွန်းဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၁၇၀ ကျယ်ဝန်းကာ ‌မြိတ်မြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် ရှိသည်။[၁] ဒုတိယအကြီးဆုံးကျွန်းက ကက်သရင်း ကျွန်း ဖြစ်ကာ၊ တောဖုံးနေပြီး ကမ်းစပ်၌ လမုတောများ ပေါက်ရောက်နေသည်။ အခြား ထင်ရှားသော ကျွန်းများမှာ -

ပြင်စဘုကျွန်း
Auriol Island
Bentinck Kyun
ခရစ္စတီးကျွန်း၊ မြိတ်ကျွန်းစုရှိ တောင်ဘက်အစွန်ဆုံးကျွန်း
ဒေါင်းကျွန်း (Ross Island)
ကွမ်းသီးကျွန်း (Kabosa Island)
ကတန်ကျွန်း (King Island)
Kanmaw Kyun
လမင်းကျွန်း (Lamin Island)
လန်ပိကျွန်း (Sullivan's Island)
လက်စွပ်အော်ကျွန်း (Domel Island)
မလိကျွန်း (Mali Kyun) မြိတ်ကျွန်းစုရှိ မြောက်ဘက်အစွန်ဆုံးကျွန်း
ငွေကျွန်း (Money Island)
Sabi Island
စခန်းသစ်ကျွန်း (Sellore Island)
တနင်္သာရီကျွန်း (Tenasserim Island)
သူဌေးကျွန်း (Son Island)
သံကျွန်း (Davis Island)
သရောသဟန်ကြီးကျွန်း (Elphinstone Island)
ဇဒတ်ကြီးကျွန်း (Saint Matthew's Island)

Comments

Please login to comment.
fastejoknu
2 months ago

ကတန်ကျွန်းကို ရောက်ဖူးတယ် အရမ်းလှတယ် very beautiful!