Thein Daw Gyi Pagoda

Posted by: admin • August 22, 2025

Post Image
လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ ကျက်သရေဆောင်ဖြစ်ပြီး၊[၁] ကောဇာသက္ကရာဇ် ၁၀၉၃ ခုတွင် ခယ်တောင်ပေါ်၌ ဉာဏ်တော် ၃၂ တောင်ဖြင့် စတင်တည်ထားသည်။ မြိတ်မြို့ကို လေယာဉ်ပေါ်မှ ဖြစ်စေ၊ မြိတ်မြို့အဝင် ကလွင်မော် မီးပြအနီး သင်္ဘောပေါ်မှ ဖြစ်စေ လေးကျွန်းဆီမီးစေတီတော်ကို ရွှေတောင်အလား ဝင်းထိန်နေသည်ကို ဖူးတွေ့ရသည်။

လေးကျွန်းဆီမီးသိမ်တော်ကြီး စေတီတော် ကုန်းတော်ပေါ် တက်ရောက်ရန် စောင်းတန်းလေးသွယ် ရှိသည့်အနက်၊ အရှည်ဆုံး စောင်းတန်းမှာ စည်ပင်သာယာဈေးကြီး အရှေ့က စောင်းတန်းကြီး ဖြစ်ပြီး ခြင်္သေ့ကြီး နှစ်ကောင် ရံထားသည်။ စေတီတော် ရင်ပြင်ပေါ်တွင် မြောက်ဘက်တွင် တံခွန်တိုင်နှင့် သမဂ္ဂရေကြည်တော်အဖွဲ့ ဓမ္မာရုံ၊ အရှေ့ဘက်တွင် အာရုံခံတန်ဆောင်းနှင့် ကျောက်နုရုပ်ပွားတော် တဆူ၊ နောင်တော်ကြီး ထီးတော်၊ သမဂ္ဂရေကြည်တော်ဓမ္မာရုံ လွန်လျှင် ဂန္ဓကုဋီတိုက်ရှိပြီး၊ ဗုဒ္ဓသာသနာ့အလင်းပြ စာကြည့်တိုက် ဖွင့်လှစ်ထားသည်။ ဂန္ဓကုဋီတိုက် လက်ယာဘက်တွင် ပြတိုက်၊ ပြတိုက် အရှေ့တောင်ဘက်တွင် ဗုဒ္ဓသာသနာ့ဗိမာန်တောကြီး ရှိပြီး၊ ဗိမာန်တော်အဝင်၌ နယားရုပ်တုနှင့် အတွင်းခန်းမဆောင်၌ တာဝတိံသာနတ်ပြည်မှ လူ့ပြည် ကြွတော်မူသည့် မြတ်စွာဘုရားပုံတော် နံရံကပ်ရုပ်တုကို မွမ်းမံကာ ကြေးသွန်းရုပ်ပွားတော် တဆူကို အပူဇော်ခံထားသည်။

Comments

Please login to comment.
fastejoknu
11 months ago

သပ္ပာယ်လိုက်တာနော်